Sunday, May 31, 2015

♪ Galaxy S6 ကို Root ဖေါက်နည်း ♫


Galaxy S6  ကို Root ဖေါက်ချင်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..

ကွန်ပျူတာမလိုပါဘူး PingPongRoot  Apk လေးကို Install လုပ်ပြီး Run ပေးလိုက်ရုံပါပဲ..။


Step 1. Download the PingPongRoot file here .

Step 2. Now you will see the pingpongroot_beta2.apk file, move the file on your Galaxy S6 internal memory.

Step 3. Open the file manager on your phone and install the download apk file on your phone.


Step 4. Open up the app and then hit the “Get Root!” button.


ping-pong-root-galaxy-s6


Step 5. If prompted for app permissions, allow them and continue.

Step 6. Once finished, make sure run “Kinguser” app at least once, and change the permission of any application you want to “Allow” if necessary.
 
 source : www.xda.com
Ref:http://www.winkabarkyaw.net/

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


Crdedit to :www.pyaephyo.com မှ ကူးယူဖော်ပြသည်

လင်းနိုင်ဦး (နည်းပညာပြန်လည်မျှဝေသည်)


မြန်မာစာ မြန်မာဖောက် ပြုပြင်ချင်သူများအတွက် by ဝင်းကမ္ဘာကျော်



မြန်စာစာ ပြဿနာတွေအတွက် အခက်အခဲ
အများအပြားရှိတာကို တွေ့ရပါတယ်
တချို့ဖုန်းတွေက root မဖောက်ပဲ
မြန်မာစာမှန်အောင်လုပ်လို့ရသလို
root ဖောက်ပြီးတော့လည်း မြန်မာစာ
မှန်အောင်လုပ်လို့ရပါတယ်
 ဒီapplication မှာတော့ root အများအပြားထည့်ထား
ပါတယ် မြန်မာစာအတွက် အခြားအရာတွေပါ
 တွေ့ရပါတယ်အောက်ပုံမှာကြည့်ရင် သိနိုင်ပါတယ်
ဖုန်းservices သမားများ အထူးဆောင်ထားသင့်
ပါတယ်
ကျွန်တော်က ကျောင်းသားတစ်ယောက်
ဖြစ်နေလို့ ဘယ်ဖုန်းက ဘာနဲ့
ဖောက်လိုက်ပါ ဘယ်software သုံးလိုက်ပါ
မစမ်းသပ်နိုင်လို့မသိခဲ့ပါဘူး
G730 ကို root ဖောက်ချင်ရင်တော့
vroot နဲ့ဖောက်ရခဲ့ပါတယ်
ဒါဟာလည်း ကျွန်တော်ကိုင်လို့
စမ်းသပ်ခဲ့တာပါ အခြားဖုန်းတွေတော့
မကိုင်လို့မစမ်းသပ်နိုင်ခဲ့ပါဘူး
နားလည်ပေးပါခင်ဗျာ



နည်းပညာကူညီသူ(kaungkalay)>>>>>



 Downloadlink (4MB)





www.techniquehelper.blogspot.com










Credit to ဝင်းကမ္ဘာကျော်မှ ကူးယူဖော်ပြသည်


လင်းနိုင်ဦး (နည်းပညာပြန်လည်မျှဝေသည်)

ထမနဲ by TTSweet



ဟိုနေ့က ဆွိတို့အိမ်မှာ ထမနဲထိုးစားကြတယ်။ အိမ်မှာထိုးတာဆိုတော့သိပ်ကြီးကြေနေအောင်တော့ မထိုးနိုင်ဘူးပေါ့။ ပြီးတော့ အစိမ်းမထိုးပဲ ချက်ပြီးမှထိုးတော့ လူသက်သာပါတယ်။

ကောက်ညှင်း ဆန်ခြင်ခွက်(Rice Cooker နဲ့တွဲပါတဲ့ ပလတ်စတစ်ခွက်) ၅လုံးလောက်ကို ရေ ၆ခွက်ခွဲလောက်ထည့်ပြီး Rice Cooker နဲ့ချက်ထားပါ။

ဈေးကနေ အုန်းသီး ခြစ်ညှစ်ဆိုင်က အုန်းသီး အခွံနွှာပြီးသား အဆင်သင့် တစ်လုံးဝယ်ပါတယ်။ စလုံးမှာတော့ ဈေးမကြီးပါဘူး။ တစ်လုံးလုံးမှ ၁ကျပ်ခွဲရယ်။
ပြီးတော့အုန်းသီးကို ပါးပါးလေးတွေလှီးထားပါ။

မြေပဲဆန် ဆန်ခြင်ခွက် ၁လုံးလောက်ကို ဆားနဲ့လှော်ပြီး အခွံချွတ်ထားပါ။ ထပ်ခြမ်းကွဲလေးတွေဖြစ်အောင် လက်သုတ်ပုဝါလေးနဲ့ထုတ်ပြီး ထုပေးရင်တော့ ပိုကောင်းပါတယ်။
(ဆွိကတော့ အလွယ်ပဲကြော်လိုက်တယ်။ ကြော်လိုက်တော့ မြေပဲခွံကဆီနဲ့ကပ်နေတော့ ချွတ်ရခက်တယ်လေ ...)

နှမ်းလှော်ပြီးသား အဖြူရောင် ဒါမှမဟုတ် အမဲရောင် ဆန်ခြင်ဘူးတစ်ဝက်ကျော်ကျော်လောက် အဆင်သင့်ပြင်ထားပါ။

ဂျင်းလက်မအရွယ် ၅ခုလောက်ကို အခွံနွှာပြီး ညက်နေအောင်ထောင်းထားပါ။

အုန်းနို့ဘူးသေး တစ်ဝက်လောက်။

ဆား သင့်သလို အပေါ့အငံစိတ်ကြိုက်မြည်း ထည့်ပါ

ဆီ စားပွဲဇွန်း ၁၀ဇွန်းလောက်။

Non Sticker ဒယ်အိုး ကြီးကြီးမှာ ဆီထည့် မီးအနေတော်လောက်ထားပြီး ဆီကျက်ရင် အုန်းသီးဆန်လှီးထားတာတွေ ထည့်ကြော်ပါ။ အုန်းသီးရွှေဝါရောင်လေး သန်းလာရင် ဆီစစ်ပြီး ကော်ထားပါ။(အုန်းသီးကျက်အောင်ကြော်ရပါမယ် ... မဟုတ်ရင် အုန်းသီးကချဉ်ပြီး ထမနဲက အထားမခံပါဘူး )

အပေါ်ကဆီအိုးထဲကို ဂျင်းလှီးထားတာထည့်ပြီး ဂျင်းနံ့မွှေးလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင်ကောက်ညှင်းချက်ထားတာထည့်၊ အုန်းနို့ထည့်ပြီး ကောက်ညှင်းတွေ ကြေအောင်၅မိနစ်လောက် မွှေပေးပါ။

ကောက်ညှင်းစိတ်ကြိုက် ကြေပြီ၊ အုန်းနို့လဲပျောက်ပြီဆို ခုနကကြော်ထားတဲ့ အုန်းသီးကြော်၊မြေပဲဆံ၊ နှမ်း၊ ဆား ထည့်ပြီး နှံ့နေအောင် ၁၀မိနစ်လောက်မွှေပေးပါ။ ဆီလိုရင် ဆီစိမ်းထပ်ထည့်ပြီး မွှေပေးပါ။
ဆားအပေါ့အငံမြည်း ပြီး ချလို့ရပါပြီ။ ဂျင်းနံ့မွှေးမွှေးလေးနဲ့ ထမနဲ ... စားကြပါဦး။

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)

TTSweet Blogမှ ကူးယူဖော်ပြသည်

ကြက်သား ငရုပ်အချိုကြော် by TTSweet





ကြက်သားနဲ့ အလွယ်တကူချက်လို့ ရတဲ့ ဟင်းတစ်ခွက်ပါ။

ကြက်သားအသားချည်း ၊ ရင်ပုံသားတစ်ခြမ်းလောက်ရေခဲသေတ္တာထဲကထုတ်၊ လှီးကောင်းရုံ ခဲနေတုံး ဓါးနဲ့ သေးသေးရှည်ရှည်လေးတွေ လှီးထားပါ။ ပြီးရင်ပဲငံပြာရည် အချိုရည်၊ ငရုပ်ကောင်း၊ ဆား၊ သကြား၊ အချိုမှုန့် နဲ့ နယ်ထားပါ။ ညှီနံ့ပျောက်ချင်ရင် ဂျင်းရေလေး ညှစ်ထည့်ပါ။

ငရုပ်ချိုသီး ပွပွစိမ်းစိမ်းကြီး၂တောင့်လောက်ကို ခုနကကြက်သားနဲ့ အရွယ်တူ သေးသေးရှည်ရှည်လေးတွေလှီးထားပါ။

ဒယ်အိုးထဲကိုဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲထည့်ပြီး မီးဖိုပေါ် မီးပျင်းပျင်းနဲ့တည်ပါ။ ဆီကျက်လောက်ရင် ကြက်သွန်ဖြူလေးတွေကို နုတ်နုတ်စင်း (chop လုပ်ထားတာ)ထားတာကို ထည့်ပြီးမွှေပေးပါ။ ပြီးရင် ကြက်သားလှီးထားတာလေးတွေထည့်ပြီး ၂မိနစ်လောက် မွှေပေး၊ ကြက်သား ကျက်ပြီး မွှေးလာရင် ငရုပ်သီးပွ လှီးထားတာလေးထည့်ကြော်၊ ဆားပေါ့ရင် ပဲငံပြာရည် အကြည်၊ လိုတာထပ်ထည့်၊၊ ငရုပ်သီးကျက်ရင်စားလို့ ရပါပြီ။
ဟင်းပူပူလေးကို ထမင်းဖြူလေးနဲ့ စားလို့လိုက်ဖက်ပါတယ်။

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
TTSweet Blogမှ ကူးယူဖော်ပြသည်

တို့ဟူး ကျိုနည်း by TTSweet







ဒီနေ. တီဆွိတို.အိမ်မှာ တို.ဟူးသုတ်စားတယ် ... ပရိတ်သတ်ကြီးလဲ သရေကျရအောင် အဲလေ ယောင်လို. အိမ်မှာသုတ်စားလိုရအောင် တို.ဟူးဘယ်လိုကျိုလဲ သုတ်လဲ ပြောပြမယ်နော် ...
ပထမ မွှေး ပဲစိမ်းမုန်. ကို ရေနဲ. ၂း၅ ရောရပါမယ် ... အထုပ်ကြီးတစ်ထုပ်ဆို အိမ်မှာဆန်ချင်တဲ.ခွက်နဲ. ၂ခွက်ရှိပါတယ် ... လူ၎-၅ယောက်စာလောက်ရှိပါတယ် ... တီဆွိတို.အိမ်မှာတော့ ၃ခွက်ကျိုပါတယ် ... ရေက ၇ ခွက်ခွဲထည်.ပါတယ်။
ပြီးရင် ဆားရယ် အချိုမှုန်.ရယ် ဆနွန်းမှုန်.ရယ် နဲနဲစီသင့်သလိုထည်. ပြီး လက်နဲ. ပဲမှုန်.အခဲလေးတွေ ကြေသွားအောင် စိမ်ပြေနပြေ ချေနယ်ပေးရပါမယ် ... ဆနွန်းမှုန်.ကအရောင်လေးလှအောင်ပါ ...
နောက်မှို.ဆို တို.ဟူးကဖြူဖြဲဖြဲနဲ. လူမမာရောင်ပေါက်နေပါမယ် ...
၅မိနစ်လောက်ချေပြီးရင် မီးဖိုပေါ်တင်ပြီး မီးပြင်းပြင်းနဲ.အဆက်မပျက်မွှေပေးရပါမယ် ...မွှေ ရင်းနဲ. ၄-၅မိနစ်ကြာလို. ပျစ်လာရင် မီးလျှော့ပြီး ဆားအပေါ့အငန်မြည်း လိုရင်ထပ်ထည်.ပါ ... ၆မိနစ်-၇မိနစ်ကြာလို..ညောင်စေးကျရင် အဆင်သင်.ပြင်ထားတဲ. ခွက်ထဲကိုလောင်းထည်.ပြီး ခဲထားလို.ရပါပြီ ... အပေါ်ရံကြောလေးလှအောင် ဇွန်းလေးမှာဆီဆွတ်ပြီးချောအောင် သတ်ချပေးပါ ... တစ်နာရီလောက်ကြာလို. ခဲရင် သုတ်စား ကြော်စားဖို. အဆင်သင့်ဖြစ်ပါပြီ။

တို့ဟူးကျိုတဲ.နေရာမှာ လျှို.၀ှက်ချက်ကတော့ အဆက်မပျက်မွှေပေးဖို.နဲ. မီးအလျှော့အတင်းကို ဂရုစိုက်ဖို.ပါပဲ ... နောက်ပြီး ပဲမှုန်.အခဲလေးတွေကို ကြေအောင်ချေပေး ဖို.လည်း အရေးကြီးပါတယ် နောက်မှို.ဆို တို.ဟူးက ဗြုတ်ကလေးတွေထပြီး ကြည်.ရဆိုးပါတယ် ...လှီးလို.လည်းမကောင်းပါဘူး ...
မဆွီတီတို.အိမ်မှာတော့ တီဆွိရယ် အိမ်ဦးနတ်ကြီးရယ် သမီးရဲ.ကြီးတော်ရယ် အင်တိုက်အားတိုက် တလှည်.စီ မွှေကြပါတယ် ... အားလုံး တို.ဟူးသုတ်ကြိုက်တဲ.သူတွေချည်းဆိုတော့ ပျော်ပျော်ပါးပါးပေါ့...

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
TTSweet Blogမှ ကူးယူဖော်ပြသည်

တို့ဟူးသုပ် ချဉ်ငံစပ် by TTSweet



တို့ဟူးသုပ် ဖို့အတွက်လိုတဲ့ပစ္စည်းတွေကတော့
၁ တို့ဟူး ပါးပါးလှီးထား
၂ ဂေါ်ဖီ တစ်စိတ် ရိတ်ရိတ်လေးလှီးထား
၃ ကြက်သွန်ဥကြီးကြီး ပါးပါးလေးလှီးထား
၎ နံနံပင် ရိတ်ရိတ်လေးလှီးထား
၅ ကြက်သွန်ဖြူဆီချက် (ဆနွန်းမှုန်.လေးနဲ.ချက်ပါ)
၆ မန်ကျည်းမှည်.ဖျော်ရည်
၇ ပုဇွန်ခြောက်မှုန့်
၈ ငရုပ်သီးလှော်မှုန့်
၉ ပဲငံပြာရည် အကြည်ရည်
၁၀ ပဲငံပြာရည် အနောက်ရည်
၁၁ ငရုပ်သီးအရောင်တင်မှုန့်ကို ဆီနဲ့ချက်ထားတဲ့ဆီနီ (အရောင်လှအောင်)
၁၂ တို့ဟူးကြော်ပြီး ကတ်ကြေးနဲ့ပါးပါးညှပ်ထား

နံပတ် ၁ ကနေ ၁၁ ထိသင့်သလိုထည်.ပြီး အားလုံရော ဖွဖွလေးနယ်ပါ ...
ပြီးရင်အပေါ်ကနေ နံပတ်၁၂ ကိုဖြူးထည့်ပါ ...
ကဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားလို့ရပါပြီ ...ရေနွေးကြမ်း ပူပူလေးလဲသောက်ပါအုံး။


TTSweet Blogမှ ကူးယူဖော်ပြသည်

တို့ဟူးကြော်


တို့ဟူးတွေကို လက်တစ်လုံးလောက်စီ အထူရအောင်လှီးပါ။ အလယ်သားတွေပါ ကြွတ်အောင် ဓားနဲ့ အလယ်မှာ ၂ကြောင်းလောက်ခွဲပြီါ် ကြော်ပါ။ အရမ်းကြွတ်သွားရင်လဲမကောင်းပါ။ အထဲက ပျော့ပျော့လေးနဲ့ အပြင်က ကြွတ်ရင် ချပြီး အချဉ်ရေလေးနဲ့စားလို့ရပါပြီ။

အချဉ်ရေဖျော်နည်း

ကြက်သွန်ဖြူ ၂မွှာလောက်နဲ့ ဂျင်းပါးပါး တစ်ခုကို ညက်နေအောင်ထောင်းပါ။ မန်ကျည်းမှည့်ရေ ထဲကို ငံပြာရည်၊ အချိုမှုန့်၊ သကြားနဲနဲ၊ Sin Sin extra hot ငရုပ်ဆီ ဇွန်းဝက်ခန့်၊ နံနံပင် ရိတ်ရိတ်လှီး၊ ဂေါ်ဖီလှီးထည့်မွှေပေးပါ။ အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပါ။ အချဉ်ရေ စပ်စပ်မွှေးမွှေး ရပါပြီ။

TTSweet Blogမှ ကူးယူဖော်ပြသည်

ဝက်ချဉ်စပ် by TTSweet



ဝက်သားချဉ်စပ်လေး ဒီနေ့ချက်စားဖြစ်တယ်။ မဆွိတီရဲ့ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ် ...

ဝက်သား၄၀၀ ဂရမ်လောက်ကို အသားချည်းဝယ်  ရေခဲသေတ္တာထဲကထုတ်ပြီး လှီးကောင်းရုံအနေတော်လေးမှာ ပါးပါးလွှာလွှာလေးတွေ လှီးထားပါ။ ခဲနေတုံးမှာ လှီးမှ ပိုကောင်းပါတယ်။ သုံးထပ်သားကြိုက်ရင်လဲ သုံးထပ်သားကို ပါးပါးလှီးချက်နိုင်ပါတာယ်။ ပြီးရင် ၀က်သားကို ထုံးစံအတိုင်း ပဲငံပြာရည်အချိုရည်၊ ဆား၊သကြား၊ အချိုမှူန့်၊ ငရုပ်ကောင်း နဲ့နယ်ထားပါ။ ချက်ခါနီးမှ ပြောင်းဖူးမှုန့် (Corn Flour) လေး တစ်ဇွန်းလောက်ထည့်ပြီး နယ်ပေးပါ။

ကြက်သွန်နီ ဥအလတ် ၂လုံးလောက်ကကို ၈စိတ်စိတ်ြပီး အလွှာလေးတွေ ခွါထားပါ။
ကြက်သွန်ဖြူ ၃-၄မွှာလောက်ကို Chop လုပ်ထားပါ။

ဂျင်း တစ်လက်မအရွယ် ၂ခုလောက်ကို ပါးပါးလေးတွေ လှီးထားပါ။

ကြက်သွန်ဖြူ၅မွှာလောက်နဲ့ ငရုပ်သီးစိမ်း၃-၄တောင့် (မရှိရင်) ငရုပ်သီးခြောက် ၅တောင့် ၆တောင့်လောက်ကို အတူရောကြိတ်ထားပါ။

ခရမ်းချဉ်သီးလေးတစ်လုံးလောက် လှီးထားပါ။ မရှိရင် Tomato sauce ထည့်လဲရပါတယ်။

ငရုပ်သီးမှုန့် အရောင်တင်မှုန့် ဇွန်းတစ်ဝက်လောက် ၊

ပြောင်းမှုန့်လေးကို ရေကျဲကျဲဖျော်ထားပါ။

သံပုရာသီး တစ်ခြမ်း (သို့) ရှာလကာရည်

ကြက်သွန်မြိတ် တစ်ပင်လောက် တစ်လက်မအရွယ်လေးတွေ လှီးထားပါ။

ငရုပ်ဆီပုလင်း အဆင်သင့်ပြင်ထားပါ။ မဆွိတီကတော့Sin Sin တံဆိတ် Extra Hot ကို သုံးပါတယ်။

ဒယ်အိုးထဲ ဆီ၃ဇွန်းလောက်ထည့်ပြီး မီးအနေတော်ထားပါ။
ဆီကျက်ရင် ဂျင်းပါးပါးလှီးထားတာလေးတွေထည့် ဆီသတ်ပါ။ ကြက်သွန်ဖြူ နုတ်နုတ်စဉ်းထားတာလေးပါထည့်သတ်ပါ။ ဂျင်းနံ့မွှေးလာရင် ၀က်သားလှီးထားတာထည့် မွှေပေးပါ။ ၃-၄ မိနစ်လောက် ၀က်သား ကျက်ပြီး၊ မာလာသည်အထိ ကြော်ပေးပါ။
ပြီးရင် ကြက်သွန်နဲ့ ငရုပ်သီး ရောထောင်းထားထာ ထည့် အရောင်တင်မှုန့်ထည့် ၊ ၀က်သားနဲ့ လုံးပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးကြေရင် ကြက်သွန်လှီးထားတာထည့်ပါ။ ငရုပ်ဆီထည့်မွှေပေးပါ။ သံပုရာရည်လေး မွှေးအောင်ညှစ်ထည့်ပါ။ နောက်ဆုံးကော်ရည် ထည့်မွှေပေးပါ။ ချခါနီး မြည်းကြည့်၊ ပဲငံပြာရည်အချိုရည်၊ သကြား လိုတာထပ်ထည့်ပြီး ချလို့ရပါပြီ။ ကြက်သွန်မြိတ်လေး မွှေးအောင်အုပ်ပေးပါ။

်မဆွိတီကတော့ စလုံးက ငရုပ်သီးစိမ်း အနီရောင် အရှည်တောင့် ထည့်မိလို့ ငရုပ်သီးဖတ်တွေများများမမြင်ရပဲ စပ်ပါတယ်။
ငရုပ်သီး မစပ်တာ(အပုတောင့်)ထည့်ရင်တော့ များများထည့်လို့ရပြီး ငရုပ်သီးဖတ်လေးတွေနဲ့ အမြင်ပိုလှပါတယ်။
TTSweet Blogမှ ကူးယူဖော်ပြသည်

မုန့်လုံးရေပေါ် ... by TTSweet


ဒီနေ့မုန့်လုံးရေပေါ်လုပ်စားရင်းနဲ့ ဓာတ်ပုံလေးတွေရိုက်ထားလို့ လုပ်နည်းလေးလဲ ရှယ်ပေးလိုက်ပါတယ်။


ကောက်ညှင်းမှုန့် (Glutinous Rice Flour) နဲ့ ဆန်မှုန့် (Rice Flour) ကို ၃း၁ အတိုင်းရောပါ။ ဒီနေ့လုပ်တာ ကောက်ညှင်းမှုန့် ဆန်ချင်ခွက် ၆ခွက်၊ ဆန်မှုန့်၂ခွက် ကို ရေချက်အေး ၃ခွက်ထည့်ပြီး ရောသမမွှေ နယ်ပါတယ်။ ၁၀မိနစ်၊၁၅ မိနစ်လောက် နှံ့နေအောင် ခပ်နာနာလေးနယ်ပြီးရင် မုန့်လုံးလို့ရပါပြီ။ မုန့်ပိုနပ်ချင်ရင် ၁နာရီ ၂နာရီလောက် အ၀တ်ကလေးရေစွတ် အပေါ်ကတင်ပြီး နှပ်ထားပါ။ ကိုယ်ကတော့ စိတ်မြန်သူဆိုတော့ မနှပ်တော့ပါဘူး။

ထန်းလျက်ကို ကတ်ကြေးနဲ့ အစိတ်ကလေးတွေ ရအောင်ညှပ်ပြီး မုန့်လုံးတာတွေကတော့ သိပြီးသားမှို့မပြောတော့ပါဘူး။ ပုံမှာသာကြည့်ကြပါတော့။

ရေနွေးပွက်ပွက်ဆူထဲ မုန့်လုံးထားတာတွေ အသာပစ်ထည့်ပါ။
မုန့်လုံးရေပေါ်ဆိုတော့ ရေပေါ်ပေါ်လာမှ ဇကာလေးနဲ့စစ်ယူရတာပါ။ မုန့်ကို နှပ်မထားရင် နယ်ပြီးပြီးချင်း လုံးတယ်ဆို မုန့်ပေါ်လာလာချင်း မဆယ်ပါနဲ့။ မုန့်ပိုကျက်သွားအောင် ခဏတဖြုတ်စောင့်ပြီးမှ ဆယ်ပါနော့။.
မုန့်ကလုံးတုံးက သေးသေးလေး။ မုန်ကျက်လာရင် ပွလာလို့ မုန့်လုံးက ပိုကြီးလာပါတယ်။ ဒါကြောင့် သိပ်အလုံးကြီးတွေ မလုံးပါနဲ့။ အလုံးကြီးတော့ ထန်းလျက်နည်းပြီး အရသာမရှိဖြစ်တတ်ပါတယ်။

အုန်းသီးကတော့ wet market တွေမှာ ခြစ်ပြီးသား ဖွေးဖွေးလေးတွေ ရောင်းပါတယ်။ တစ်ကျပ်ဘိုးဆို အတော်ရပါတယ်။ ငှက်ပျောဖတ်ကိုလည်း wet market မှာပဲ ၀ယ်လို့ရပါတယ်။ ၅မူးဘိုးဆို ရပါပြီ။ ငှက်ပျောဖတ်လေးနဲ့ဆိုတော့ အမြင်လည်းလှ မွှေးလည်း ပိုမွှေးသလိုပဲလေ။

ဟိုနေ့က ဈေးနောက်ကျလို့ အုန်းသီးခြစ်ပြီးသားမရ ရတာသာဝယ်လာရပါတယ်။ ဒါခွဲဘို့ ခြစ်ဘို့ဆို တစ်ယောက်ယောက် အကူအညီလိုတယ်။ ဘယ်သူလာကူလုပ်ပေးမလဲ စောင့်လိုက်ဦးမယ်။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရလေခြင်း။

ဟိုဘက်က မုန့်လုံးရေပေါ်ကတော့ အုန်းသီး မပါပဲနဲ့ ဘယ်သူစမြိုင်းလိုက်လဲမသိဘူး။ ၄လုံးလျော့နေပြီ ...း )



TTSweet Blogမှ ကူးယူဖော်ပြသည်

စမူစာကြော် ... by TTSweet






လိုအပ်သည့် ပစ္စည်းများ
၁။ အာလူးအရွယ်လတ်လတ် ၄လုံးလောက်ကိုပြုတ်ပြီး အခွံနွှာ ထားပါ၊
၂။ ကုလားမဆလာ (Gram Masala) ၊ ကုလားလေး မဆလာဆိုလည်းရပါတယ်၊(၂ထုတ်လောက်)
၃။ကြက်သွန်နီ ဥကြီး တစ်ဥ၊ကို လက်သဲခွံလောက် အတုံးလေးတွေရအောင်လှီးပြီး ခွါထားပါ၊
၎။ ပူတီနာကို၎-၅ခက်ကို ပါးပါးလေးတွေလှီး ၊ ပျဉ်းတော်သိမ်ရွက် ၃-၄ခက်ကို ချွေထားပါ၊
၅။ ဂျင်း ပါးပါလှီးထားတာ ၂ခု ထောင်းထားပါ။
၆။ ကြက်သွန်ဖြူ ၂မွှာလောက် တောင်းထားပါ။
ရ။ ငရုပ်သီးအရောင်တင်မှုန့် လက်ဖက်ရည်တစ်ဇွန်း၊
၈။ နနွင်းမှုန့် အရောင်လှအောင် လက်၂ဆိတ်စာလောက် ၊ (2 pinch)
၉။ ဆား၊ အချိုမှုန့် သင့်သလောက်၊
၁၀။ ဆီ
၁၁။ စမူစာရွက် သို့( Spring Roll Wrapper) - ကော်ပြန့်ကြော်လိပ်တဲ့ အရွက်(Super market တွေမှာ ၀ယ်လို့ရပါတယ်)၊ အ၀ိုင်းပုံထက် လေးထောင့်ကို ရွေးဝယ်ပါ။
၁၂။ ကော်မှုန့်နဲနဲကို ရေပျစ်ပျစ် ဖျော်ထားပါ။ (စမူစာခေါက်တဲ့ အခါ နောက်ဆုံးအပိုင်းကို မကွာအောင် ကော်ကပ်သလို ကပ်ဖို့ရာဖြစ်ပါတယ်၊ မဟုတ်ရင် ကြော်နေတုံး စမူစာအပေါ်ဖတ်ကွာပြီး အထဲကအစာတွေ အပြင်ထွက်ကုန်ပါ့မယ်၊)

ပြုလုပ်ပုံအဆင့်ဆင့်
၁။အထက်ပါပစ္စည်း အမှတ်စဉ် ၁မှ ၉ အထိ ကို ဇလုံတစ်ခုထဲထည့်၍ အာလူးကြေသည်အထိ ရောမွှေပြီး နယ်ပေးပါ၊ အရသာမြည်းကြည့်၍လိုနေလျှင် ထပ်ထည့်ပါ။ (အပေါ်က အတိုင်းအတာများမှာ မှန်းရေးထားခြင်းသာဖြစ်၍ ကိုယ့်ဟာကိုယ်မြည်း လိုတိုးပိုလျှော့ပါ)

၂။ စမူစာရွက် ကို အပေါ်မှာပြထားတဲ့ပုံတွေအတိုင်း င်ဖြတ်၍ အားလူးနယ်ထားသောအစာထည့်ကာ ခေါက်ပါ။ နောက်ဆုံးအပိုင်းမခေါက်မီ ကော်သုတ်ဖို့မမေ့ပါနှင့်။စမူစာအားလုံးကို ပြီးအောင်အရင်ခေါက်ထားပြီးမှကြော်ပါ၊ နောက်မှို့ဆို စမူစာခေါက်ရင်းကြော်ရင် တူးသွားတတ်လို့ပါ၊

(ပုံမှာပြထားတဲ့ စမူစာရွက်ရဲ့ အတိုင်းအတာက 215mmx215mm ဖြစ်ပြီး စမူစာရွက်၂ရွက်အထပ်လိုက်ကို ၃ဖြတ် ဖြတ်လိုက်ရင် 70mmx215mm ရပါတယ်။ ခေါက်တုံးက လက်ကပေ၊ ဓာတ်ပုံရိုက်ပေးမဲ့သူကလဲ အနားမှာမရှိလို့ ခေါက်ပုံကို သေချာ ဓာတ်ပုံနဲ့မပြနိုင်တာကို ခွင့်လွှတ်ကြပါ။ နောက်ကြုံရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါ့မယ်။ ၂ထပ်လုပ်တာက ခေါက်နေတုံး ပေါက်မသွားအောင်ပါ။)

၃။ မီးအနေတော်တွင် ဒယ်အိုးတည်၍ စမူစာမြုတ်သည်အထိ ဆီထည့်ပါ။

၎။ ဆီကျက်လျင် ခေါက်ထားသော စမူစာများကို စီထည့်ပြီးကြော်ပါ၊ နောက်ဆုံးကော်သုတ်ထားတဲ့ဘက်ကို အောက်မှာထားပြီး ကြော်ပါ။ ကြော်ခါစမှာ ကော်ကပ်ထားတာမပြေအောင် ဇွန်းနဲ့ အသာလေးဖိထားပါ။ စမူစာ၇ွက် အပူနဲ့တောင့်သွားပြီဆို ခေါက်ထားတာ မပြေတော့ပါဘူး။ အပေါ်အောက်လှန်ပေးပြီး အညိုရောင်သန်းလာရင် ဆယ်လို့ရပါပြီ။


TTSweet Blogမှ ကူးယူဖော်ပြသည်

ကုလား စမူစာသုပ် ... by TTSweet


ကျွဲခေါင်းပဲ (သို့) ဆင်ခေါင်းပဲ (သို့) Chick pea



ပူတီနာရွက်







စမူစာရယ် ကြက်သွန်နီဆီချက်ထားတာရယ်၊ ပူတီနာရွက်ရယ်၊ ကြက်သွန်နီ အကွင်းလိုက်လှီးထားတာရယ် ၊ဂေါ်ဖီပါးပါးလှီးထားတာရယ်၊ ငရုပ်သီးစိမ်းပါးပါးလှီးထားတာရယ် ... သံပုရာရည် မကျည်းရေညှစ်ပြီး အချိုမှုန့် ဆားထည့်မဆလာထည့် နယ်ပြီးသုတ်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။


ဆိုင်တွေမှာစားတဲ့ ကုလားစမူစာသုပ်ဆို ပဲစိမ်းမှုန့်လေးကိုဆား၊မဆလာ၊ နနွင်းမှုန့်ထည့်ပြီးရေနဲ့ကျို ထားတာရယ်၊ ကုလားပဲအခွံမချွတ်ရသေးတာ (ကျွဲခေါင်းပဲ ခေါ်လားပဲ ... Chick pea) တစ်ညရေစိမ်ပြီးပြုတ်ထားတာရယ်၊ အာလူးအလုံးသေးသေးလေးတွေပြုတ်ထားတာရောထည့် ပြီးသုပ်ပေရော့၊ ရှူးရှဲလေးဖြစ်အောင် ငရုပ်သီးအရောင်တင်မှုန့်လေးပါထည့်ပါအုံး၊ အပေါ်က ပူတီနာရွက် ၊ ပျဉ်းတော်သိမ်ရွက်ကလေး ဖြူးထည့်ရင် ကုလားမဆလာသုတ် မွှေးမွှေးစပ်စပ်လေးရပါပြီ။ ရေနွေးကြမ်းလေးနဲ့ မြည်းပေရော့၊

သတ်သတ်လွတ်သမားမဟုတ်ရင်တော့ ပဲဟင်းကို ပိုချိုအောင် ကြက်သားလေး မဆလာလေးနဲ့ဆီသတ်ပြီး ချက်ရင် ပိုကောင်းပါတယ်။




ကုလား စမူစာသုတ်  ကုလား စမူစာသုပ်
TTSweet Blogမှ ကူးယူဖော်ပြသည်

ဟောဒီက မုန့်သည် ... by TTSweet

မုန့်စိမ်းပေါင်း ကောက်ညှင်းပေါင်း။


ရွှေထမင်း၊ သာကူပြင်၊ မုန့်ပေါက်စီ။


ရေမုန့်


မုန့်လုံးကြီး


အကြော်စုံ ပူပူလေးရမယ်၊ ရေနွေးကြမ်းနဲ့မြည်းရင် သိပ်ကောင်း။


ကောက်ညှင်းထုတ်


မုန့်ဆီကြော်


မုန့်လက်ကောက်


ခေါပုပ်၊ အိမ်ရောက်မှ ကြော်စားနော်။ နှမ်းထောင်းလေးပါဖြူးစားဖို့မမေ့နဲ့ဦး။


အညာထွက် ထန်းပင်မြစ်ပြုတ်တွေပါတော်။



ဒါလဲအိမ်ရောက်မှ သကြား၊ နို့ဆီနဲ့ ခေါက်စား။ အရမ်းဆိမ့်။


ပဲမြစ်တွေလဲ အိမ်ရောက်မှပြုတ်စားကြပါနော့။


ဝက်သားတုတ်ထိုးအစ်မ၊ တုတ်ချိုးထားတာလေးတွေက နှစ်ရာ။ မချိုးထားတာက တစ်ရာထဲပါ။


စလုံးစတိုင် အဲလိုတုတ်ထိုးမျိုးစုံလဲ ရနေပြီနော်။


အဟီး ... ဒါကတော့ အစ်မတို့ မနေ့က စားချင်တယ်ဆိုလို့ ကျွန်မ အရီးတို့ဗူးစင်က ဆွတ်လာခဲ့တာ။ အဲဒါအလကား၊ အဆစ်ယူသွားပါအစ်မ။


(ဒီတစ်ခေါက်ပြန်ဖြစ်တော့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေပါ ... resolution ကောင်းကောင်းကြည့်ချင်ရင် ပုံကို ကလစ်ကြည့်ကြပါနော် ...ဒီကတော့ ၀က်သားတုတ်ထိုးဗန်းကို ကလစ်မိလို့ မနက်ဖြန် လုပ်စားရင်ကောင်းမလား စဉ်းစားနေပါတယ်)
TTSweet Blogမှ ကူးယူဖော်ပြသည်