Thursday, March 31, 2016

♪ FACEBOOK မှာ GIF တွေဘယ်လို တင်မလဲ ♫


GIF ဆိုတာကလည်း လတ်တလော လူမှုကွန်ယက်မီဒီယာတွေမှာ ခေတ်စားနေတဲ့အထဲ မပါမဖြစ်ပါပဲ။ အရင်တုန်းက ကျွန်တော့်အနေနဲ့ GIF တွေဘယ်လိုလုပ်ရမယ်။ ဘယ် Apps တွေသုံးရင်အဆင်ပြေနိုင်တယ်ဆိုတကို ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် GIF တွေအလွယ်တကူပြုလုပ်ပြီးနောက်ပိုင်းမှာ လူမှုကွန်ယက်မီဒီယာတွေအပေါ်တင်ချင်ရင် ဘယ်လိုတင်ရမယ်ဆိုတာက လိုအပ်လာပါတယ်။ ဒါကလည်း သိပ်ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ရိုးရှင်းလွယ်ကူပါတယ်။ ဒီ Article မှာ ကျွန်တော့်အနေနဲ့ GIF လေးတွေကို လူမှုကွန်ယက်မီဒီယာတွေပေါ် တင်ပုံတင်နည်းကို မိတ်ဆက်ပေးချင်ပါတယ်။
၁) ပထမဆုံး အဓိကလိုအပ်တာကတော့ သင်လူမှုကွန်ယက်မှာတင်မယ့် GIF ပါပဲ။ ဒါကတော့ အခြေခံလိုပါတယ်။ သင့်စက်ထဲမှာ GIF တစ်ခု အဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။
၂) အဲ့ဒီနောက်မှာတော့ သင့် Browser ထဲကိုဝင်ပြီး giphy.com ဆိုတဲ့ Website တစ်ခုထဲကိုဝင်ရမှာဖြစ်ပါတယ်။ ဝင်ပြီးသွားရင် သင့်အနေနဲ့ ညာဘက်အပေါ်ထောင့်နားလောက်မှာ Log In ဆိုတဲ့ ကလစ်လေးတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါလေးကို ကလစ်လုပ်လိုက်ပါ။
how to upload gif on facebook1

၃) ကလစ်လုပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ Register လုပ်ဖို့လိုအပ်လို့ ဘာနဲ့လုပ်မလဲလို့ မေးတာပါ။ Log In With Facebook ဆိုတာကိုပဲ နှိပ်လိုက်ပါ။
how to upload gif on facebook2
၎) အဲ့ဒီအခါ သင့်Facebook အကောင့်နဲ့လုပ်လိုသလားလို့ မေးမှာပါ။ သင့်အနေနဲ့ Password ရိုက်ထည့်လိုက်ပြီး Save နှိပ်လိုက်လို့ရှိရင်။ Success ဆိုပြီးပြပါလိမ့်မယ်။ အဲ့ဒါဆိုရင် ရပါပြီ။
how to upload gif on facebook 1
၅) Log In လုပ်တဲ့အပိုင်းပြီးသွားရင်တော့ ပုံကို Upload လုပ်ဖို့အပိုင်းရောက်ပါပြီ။ အပေါ်ပိုင်းမှာရှိတဲ့ Upload ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။
how to upload gif on facebook 2
၆) အဲ့ဒီအခါအောက်ကပုံအတိုင်း Box တစ်ခုကျလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ တင်လိုတဲ့ GIF ကိုရွေးချယ်ရမှာပါ။ Browse ကိုနှိပ်လိုက်ပါ။ Browse ကိုနှိပ်လိုက်ရင် GIF ရှိတဲ့ File ကိုရွေးချယ်ပြီး သင်တင်လိုတဲ့ GIF ကို ဖွင့်ရမှာပါ။
how to upload gif on facebook5
၇) ဖွင့်လိုက်ရင် အောက်က Box ကျလာမှာပါ။ သင့်အနေနဲ့ ကြက်ခြေခတ်အနီလေးပြထားတဲ့ဘေးမှာ File Name ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအောက်က “Enter Tags Separated by commas” ဆိုတဲ့ နေရာမှာ File အတွက် နာမည်တစ်ခုပေးလိုက်ပါ။ ပြီးရင် Upload GIF ကိုနှိပ်လိုက်ပါ။
how to upload gif on facebook 7

၈) အဲ့ဒီအခါမှာ Upload လုပ်နေတာကိုတွေ့ရမှာဖြစ်ပြီး ပြီးသွားရင် သင်ရွေးလိုက်တဲ့ GIF လေး Website မှာတက်နေတာတွေ့ရမှာပါ။ ဒါဆိုရင်ရပါပြီ။ အဲ့ဒီအောက်ဖက်လေးမှာ သင် Share ပြုလုပ်လိုတဲ့ လူမှုကွန်ယက် Website တွေရဲ့ icon လေးတွေရှိပါတယ်။ သင့်အနေနဲ့ Facebook တင်မဟုတ်ပဲ၊ Twitter, Instagram, Tembler စတဲ့ လူမှုကွန်ယက်အစုံမှာ Share လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Facebook မှာပဲ Share လုပ်လိုက်ပါတယ်။

how to upload gif on facebook8
၉) Facebook icon ကိုနှိပ်လိုက်ရင် သင်အကောင့်ထဲမှာ GIF ရဲ့ Link နဲ့အတူ သင်စာရေးလိုတဲ့ အကြောင်းအရာရေးထည့်ပြီး ပုံမှန် Post တင်သလိုပဲ Share လုပ်လိုက်ရင် GIF လေးသင့် Time Line မှာ တက်သွားပါပြီ။
how to upload gif on facebook9
ကဲ.. ပရိတ်သတ်ကြီးတို့ရေ။ ဒီအပေါ်က ပြခဲ့တဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ရင်း သင်တို့အနေနဲ့ လွယ်ကူချောမွေ့စွာပဲ GIF တွေကို သင့် Time Line မှာတင်လို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ GIF တွေလုပ်ပုံလုပ်နည်း လေးတွေသိချင်ရင်တော့ အောက်ကပြထားတဲ့ Link လေးတွေ ကလစ်လုပ်ရင်း ပြုလုပ်နိုင်ပါတယ်။

Android ဖုန်းများတွင် GIF လုပ်နိုင်သည့် အကောင်းဆုံး Apps များ
PC/Laptop နှင့် GIF လုပ်ပုံလုပ်နည်း

Credit to ==> Digital Times

♪ မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်မယ့် RAM 3GB၊ Fingerprint ပါ Xiaomi Redmi 3 Pro ဖုန်း ထွက်ရှိ ♫


Xiaomi ဟာ Redmi 3 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ Redmi 3 Pro ဖုန်းကို မနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ထူးခြားချက်အားဖြင့် Redmi 3 ဖုန်းမှာ လက်ဗွေရာစနစ်မပါပေမယ့်၊ ဒီ Pro ဖုန်းမှာတော့ ကျောဘက်မှာ လက်ဗွေရာဖတ်စနစ်ပါဝင်လာပါတယ်။ RAM ကလည်း Redmi 3 တုန်းက 2GB ဖြစ်ပေမယ့်၊ ဒီဖုန်းမှာတော့ 3GB အထိ ဖြစ်သွားပါတယ်။

ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် ဆိုပြီး အရောင်သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့်လည်း ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) သာရှိတာကြောင့်၊ ဈေးနှုန်း နည်းနည်းနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။

Xiaomi Redmi 3 Pro ဖုန်းကို တရုတ်နိုင်ငံမှာ နောက်လစတင်ရောင်းချသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရောင်းချသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Xiaomi Redmi 3 Pro မှာ ပါဝင်တဲ့ အသေးစိတ် specs တွေကတော့ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ octa-core Qualcomm Snapdragon 616 ပရိုဆက်ဆာ၊ 3GB DDR3 RAM ၊ ဂရပ်ဖစ်အနေနဲ့ Adreno 405 GPU ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှုအနေနဲ့ 32 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိလည်း ထပ်စိုက်နိုင်ပါတယ်။ Redmi 3 ဖုန်းတုန်းကတော့ RAM 2GB နဲ့ inbuilt storage 16 GB ပဲ ပါရှိတာဖြစ်ပါတယ်။

MIUI 7 ပါဝင်လာမယ်လို့သိရပြီး၊ Android ဗားရှင်း ဘယ်လောက်ပါဝင်လာမလဲဆိုတာကိုတော့ တရားဝင် ကြေငြာရခြင်းမရှိသေးပါဘူး။

Ref: Gadgets 360
Credit to ==> Digital Times

ဖုန်းကို CCTV လျှိ့ဝှက်ကင်မရာ လေးနဲ့ချိတ်ပြီး တိုက်ရိုက်ကြည့်နိုင်တဲ့ - tinyCam Monitor PRO v6.6.1 Apk



And

                             
                          Unknown user How to Download                         
                               
                                     www.patheinit.com
                                        
Payephyokyaw

ဖုန်းမှာ ဂစ်တာ ကော့စ်တွေ ရှာနိုင်ပြီး ကော့စ်တွေ ဖန်းတီးနိုင်မယ့် - Ultimate Guitar Tabs & Chords v4.4.3 Apk

Download
                             
                          Unknown user How to Download                         
                               
                                     www.patheinit.com
                                        
Payephyokyaw

Honor 6 ဖုန်းကို Malaysia firmware Marshmallow တင်နည်း


Honor 6 ဖုန်းကို Malaysia firmware Marshmallow တင်နည်းကို
Honor 6 ပရိတ်သတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Firmware ကို Official မှတိုက်ရိုက်ချပေးထားတာပဲဖြစ်ါတယ်
မိမိဖုန်းမှာ Marshmallow ဗားရှင်းလေးတင်သုံးချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာဒေါင်းလော့ရယူပြီး တင်နည်းကိုပါ လေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
၁။ Firmware ကို Downgrade process တစ်ခုမပြုလုပ်မှီ Backup ပြုလုပ်ထားပါ။

၂။ မိမိဖုန်းတွင် Battery charge အား အနည်းဆုံး 70% ရှိနေရပါမယ်။

၃။ ကွန်ပျူတာတွင် Huawei USB Driver ကို အဆင်ပြေအောင် ပြုလုပ်ထားပါ။

၎။ Official မှ တိုက်ရိုက်ချပေးထားတဲ့ Honor 6 Marshmallow ကိုဒေါင်းလော့ရယူထားပါ။


ငြင်းဆိုချက်
========
ယခုဖေါ်ပြ Firmware Update ပြုလုပ်နည်းသည် Honor 6 ဖုန်းအတွက်
Malaysian Region ဖြစ်ပြီး ဗားရှင်း Marshmallow ပဲဖြစ်ပါတယ်။

ဒီ Firmware zip ဖိုင်ကို တစ်ခြား Device များတွင် ထည့်သွင်းခြင်းလုံးဝ
မပြုလုပ်ပါရန်၊ တကယ်လို့ ချွှတ်ယွင်းချက်များ တစ်ခုခုဖြစ်ပေါ်ခဲ့ရင် တာဝန်မယူပါ။


Firmware Info
==========
Device Model: Huawei Honor 6.
Firmware Version: Android Lollipop 5.0.
Firmware Build: H60-L04C470B300.
Released date: 2016-2-23.
Size: 249.40 MB.
Country: Malaysia.





Honor 6 ဖုန်းကို Malaysia firmware  Marshmallow တင်နည်း
===============================

၁။ အပေါ်မှ Firmware ကိုဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ

၂။ ဖုန်းရဲ့ SD Card မှာ “dload” directory ဆိုပြီး Folder တည်ဆောက်ပြီး
‘update app’ ဖိုင်ကို ကူးထည့်လိုက်ပါ။

၃။ ဖုန်းရဲ့ Keypad တွင် *#*#2846579#*#* ဆိုပြီး Code ကိုရိုက်ထည့်လိုက်ပါ
ပြီးရင် “software upgrade” ဆိုတာကိုရွေးချယ်ပါ၊ “SDCard Upgrade” ထပ်နှိပ်
အားလုံး အသင့်ဖြင်ပြီးရင်တော့ “OK” ဆိုတာကို နှိပ်ပေးလိုက်ရုံပါပဲ။




အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)


Galaxy S6 Edge plus ဖုန်း ဗားရှင်း Marshmallow ကို TWRP recovery ထည့်သွင်းနည်း


Galaxy S6 Edge plus ဖုန်း ဗားရှင်း Marshmallow ကို
TWRP recovery ထည့်သွင်းနည်းကို တင်ပေးလိုက်ပါတယ်။

Galaxy S6 Edge plus ဖုန်းအတွက် ဗားရှင်း Marshmallow ကို 
TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ နောက်ဆုံးထွက် 
twrp-3.0.0-0 ဖြင့် Odin ကနေအလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။


ဖုန်းကို Custom Rom များတင်သုံးချင်တာပဲဖြစ်ဖြစ် Facebook/Viber/
WhatsApp/Youtube စသည့် Social Media apps များနဲ့ Brower မှာ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။

လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Galaxy S6 Edge plus ဖုန်း အတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။


လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin 

Samsung USB Driver for Windows



TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 



Galaxy S6 Edge plus ဖုန်း ဗားရှင်း Marshmallow ကို SuperSu ဖြင့် Root လုပ်နည်း


Galaxy S6 Edge plus ဖုန်း ဗားရှင်း Marshmallow ကို  Root လုပ်ချင်တဲ့
 ညီအကိုတွေအတွက် SuperSu ဖြင့် Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို SuperSu ဖြင့် Root လုပ်မယ်ဆိုရင်တော့ မိမိဖုန်းမှာ
TWRP Recovery ကိုတော့ အရင်ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်။

လိုအပ်ချက်များ
==========
၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်

၂။ BETA-SuperSU-v2.68.zip ဖြစ်နေရပါမယ်

ငြင်းဆိုချက်
=======
ယခုဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S6 Edge plus ဖုန်း 
ဗားရှင်း Marshmallow ကို SuperSu ဖြင့် Root လုပ်နည်းဖြစ်ပါတယ်။

ဖေါ်ပြပါ Guide အတိုင်း SuperSu.zip ဖိုင်ဖြင့် တစ်ခြား Device များတွင်
Root လုပ်ခြင်းမျိုး လုံးဝမပြုလုပ်ပါရန်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့သည်ရှိသော်
လုံးဝတာဝန်မယူပါ၊ Instruction အတိုင်း သေချာအောင်ပြုလုပ်ပါရန်။






SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)