Monday, September 11, 2017

🌰 သင်သိ ငါသိ အားလုံးသိ🌷(အင်္ဂလိပ်-မြန်မာ)



🌰 သင်သိ ငါသိ အားလုံးသိ🌷(အင်္ဂလိပ်-မြန်မာ)
🌱🌱🌱🌱🌱🌱
🌴သင်ကောင်း မကောင်း သင့်အကြောင်းကို
သင့်ခေါင်းထဲက သိပါ၏ ။
🌴သင့်ကိုစောင့်ကြပ် ကိုယ်စောင့်နတ်လည်း
ပြတ်ပြတ်သားသား သိပါ၏ ။
🌴နတ်တို့သနင်း သကြားမင်းလည်း
ရှင်းရှင်းလင်းလင်း သိပါ၏ ။
🌴ငရဲသနင်း ယမမင်းလည်း
ကွင်းကွင်းကွက်ကွက် သိပါ၏ ။
🌴ဈန်အဘိညာဉ် တန်ခိုးရှင်လည်း
ထင်ထင်ရှားရှား သိပါ၏ ။
🌴သင်ပြုလုပ်စဉ် သင့်ဝန်းကျင်မှ
မြင်မြင်သမျှ လူ နတ်ကလည်း
ဂဃနဏ သိပါ၏ ။
🌴လိမ်ညာမရ ဤလောက၀ယ်
ဓမ္မ လမ်းစဉ် လျှောက်လှမ်းချင်က
အသင် ပြု ပြင်နိုင်သေး၏ ။..။
အရှင်နိမ္ဗလ (နတ်မောက်ဘုန်းနွယ်)
🌷Whether good or bad, you know by yourself.
🌷Your guardian spirit also
definitely know it .
🌷King of the celestial beings
clearly knows it too.
🌷The lord of the hell also graphically
knows it.
🌷The person who has psychic power of
absorptive concentration always knows it.
🌷The people and spirits
around you know it exactly.
🌷It is possible to follow the path of Dhamma
in order to correct our mistakes.

0 comments:

Post a Comment