Friday, September 21, 2018

၀၁.၁၀.၂၀၁၈ - 3D Thai Lottery



၀၁.၁၀.၂၀၁၈ - 3D Thai Lottery
===================
ခုနှစ်ရက်သားသမီးများ၏ကျရောက်နေသည့် ဇာတာကာလမတူညီနေကြသည့်အတွက် ကံဇာတာခွဲပြီးတင်ပေးလိုက်ပါတယ်။

ကံဇာတာသိပ်ကိုအရမ်းကောင်းနေသည့်သူအတွက်(၁)
==============================
၂၃၅ ၂၃၈ ၃၅၈

ကံဇာကာ (၂)
=========
၁၄၉ ၁၄၇ ၁၄၆ ၁၄၀
၄၉၇ ၄၉၆ ၄၉၀
၉၇၆ ၉၇၀
၇၆၀

ကံဇာတာ (၃)
=========
၁၄၂ ၁၄၃ ၁၄၅ ၁၄၈
၁၉၂ ၁၉၃ ၁၉၅ ၁၉၈
၁၇၂ ၁၇၃ ၁၇၅ ၁၇၈
၁၆၂ ၁၆၃ ၁၆၅ ၁၆၈
၁၀၂ ၁၀၃ ၁၀၅ ၁၀၈

ကံဇာတာ (၄)
=========
၄၉၂ ၄၉၃ ၄၉၅ ၄၉၈
၄၇၂ ၄၇၃ ၄၇၅ ၄၇၈
၄၆၂ ၄၆၃ ၄၆၅ ၄၆၈
၄၀၂ ၄၀၃ ၄၀၅ ၄၀၈

ကံဇာတာ (၅)
========
၉၇၂ ၉၇၃ ၉၇၅ ၉၇၈
၉၆၂ ၉၆၃ ၉၆၅ ၉၆၈
၉၀၂ ၉၀၃ ၉၀၅ ၉၀၈

ကံဇာတာ (၆)
========
၇၆၂ ၇၆၃ ၇၆၅ ၇၆၈
၇၀၂ ၇၀၃ ၇၀၅ ၇၀၈
၆၀၂ ၆၀၃ ၆၀၅ ၆၀၈

ကံဇာတာ (၇)
=========
၂၃၁ ၂၃၄ ၂၃၉ ၂၃၇ ၂၃၆ ၂၃၀
၂၅၁ ၂၅၄ ၂၅၉ ၂၅၇ ၂၅၆ ၂၅၀
၂၈၁ ၂၈၄ ၂၈၉ ၂၈၇ ၂၈၆ ၂၈၀

ကံဇာတာ (၈)
========
၃၅၁ ၃၅၄ ၃၅၉ ၃၅၇ ၃၅၆ ၃၅၀
၃၈၁ ၃၈၄ ၃၈၉ ၃၈၇ ၃၈၆ ၃၈၀
၅၈၁ ၅၈၄ ၅၈၉ ၅၈၇ ၅၈၆ ၅၈၀


နှစ်လုံးအပူးသမားများအတွက်
****************************
ကံဇာတာ (၁) 
========
၂၂၃ ၂၂၅ ၂၂၈ 
၃၃၂ ၃၃၅ ၃၃၈
၅၅၂ ၅၅၃ ၅၅၈
၈၈၂ ၈၈၃ ၈၈၅

ကံဇာတာ (၂)
========
၁၁၄ ၁၁၉ ၁၁၇ ၁၁၆ ၁၁၀
၄၄၁ ၄၄၉ ၂၂၇ ၂၂၆ ၂၂၀
၉၉၁ ၉၉၄ ၉၉၇ ၉၉၆ ၉၉၀

ကံဇာတာ (၃)
=========
၇၇၁ ၇၇၄ ၇၇၉ ၇၇၆ ၇၇၀
၆၆၁ ၆၆၄ ၆၆၉ ၆၆၇ ၆၆၀
၀၀၁ ၀၀၄ ၀၀၉ ၀၀၇ ၀၀၆

ကံဇာတာ (၄)
=========
၁၁၂ ၁၁၃ ၁၁၅ ၁၁၈
၄၄၂ ၄၄၃ ၄၄၅ ၄၄၈
၉၉၂ ၉၉၃ ၉၉၅ ၉၉၈

ကံဇာတာ (၅)
========
၇၇၂ ၇၇၃ ၇၇၅ ၇၇၈
၆၆၂ ၆၆၃ ၆၆၅ ၆၆၈
၀၀၂ ၀၀၃ ၀၀၅ ၀၀၈

ကံဇာတာ (၆)
=========
၂၂၁ ၂၂၄ ၂၂၉ ၂၂၇ ၂၂၆ ၂၂၀
၃၃၁ ၃၃၄ ၃၃၉ ၃၃၇ ၃၃၆ ၃၃၀

ကံဇာတာ (၇)
=========
၅၅၁ ၅၅၄ ၅၅၉ ၅၅၇ ၅၅၆ ၅၅၀
၈၈၁ ၈၈၄ ၈၈၉ ၈၈၇ ၈၈၆ ၈၈၀

လောင်းကစားချဲကံဇာတာ ကောင်းကြပါစေ...
@linnaingookkm

Sunday, September 16, 2018



[Zawgyi]




(၁) ဘရူနိုင်း (Brunei)




(၃) ဒိုမီနီကာ (Dominica)


(၄) အီကွေဒေါ (Ecuador)


(၅) ဟေတီ (Haiti)




(၇) လာအို (Laos)








(၁၁) စင်္ကာပူ (Singapore)


(၁၂) ထိုင်း (Thailand)


(၁၃) ဗီယက်နမ် (Vietnam)



[Unicode]

မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာမလိုဘဲ သွားရောက်နိုင်တဲ့ နိုင်ငံတွေက ဘာတွေလဲ

ကမ္ဘာ့နိုင်ငံတွေကို သွားရောက်တဲ့အခါမှာ ဗီဇာလျှောက်ထားရတဲ့ နိုင်ငံတွေရှိသလို ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်ထားရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ မဟာမိတ်နိုင်ငံတွေ အချင်းချင်းကတော့ ဗီဇာမလိုဘဲ တံခါးမရှိ ဓားမရှိ သွားလာနိုင်ပါတယ်။ Global Passport Power Rank 2018 ရဲ့မှတ်တမ်းအရ စင်္ကာပူနိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ (၁၂၂) နိုင်ငံကို သွားလာနိုင်ပြီး ဆိုက်ရောက်ဗီဇာနဲ့ (၃၉) နိုင်ငံကို သွားလာနိုင်ပါတယ်။

ဒါ့ကြောင့် စင်္ကာပူနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ဟာ သြဇာအကောင်းဆုံး (Most Powerful Passport) လို့ သတ်မှတ်ထားပါတယ်။ ဂျာမဏီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ တောင်ကိုရီးယား၊ လူဇင်ဘတ်၊ နော်ဝေးနဲ့ အမေရိကန်နိုင်ငံတွေက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံသားတွေက ဗီဇာမလိုဘဲ (၁၄) နိုင်ငံကို ဝင်ထွက်သွားလာနိုင်တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံတွေကို တံခါးမရှိ ဓားမရှိ သွားလာနိုင်တာလဲ။

(၁) ဘရူနိုင်း (Brunei)

မြန်မာနိုင်ငံသားတွေဟာ ဘရူနိုင်းနိုင်ငံကို ဗီဇာမလိုဘဲ သွားလာနိုင်ပါတယ်။ (၁၄) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၂) ကမ္ဘောဒီးယား (Cambodia)

ကမ္ဘောဒီးယားနိုင်ငံကိုတော့ ဗီဇာမလိုဘဲ သွားလာနိုင်လာပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ (၁၄) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၃) ဒိုမီနီကာ (Dominica)

ကာရေဘီယံပင်လယ်ထဲက ဒိုမီနီကာဆိုတဲ့ ကျွန်းနိုင်ငံလေးကိုတော့ ဗီဇာမလိုဘဲ သွားလာနိုင်ပါတယ်။ သွားရောက်အပန်းဖြေချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ (၂၁) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၄) အီကွေဒေါ (Ecuador)

တောင်အမေရိကတိုက် အနောက်မြောက်ပိုင်းမှာရှိတဲ့ အီကွေဒါနိုင်ငံကိုတော့ မြန်မာနိုင်ငံသားတွေ တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်ပါတယ်။ လည်ပတ်ချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ (၉ဝ) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၅) ဟေတီ (Haiti)

ကာရေဘီယံပင်လယ်ထဲက ဟေတီဆိုတဲ့ ကျွန်းနိုင်ငံလေးကိုတော့ ဗီဇာမလိုဘဲ သွားလာနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ (၉ဝ) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၆) အင်ဒိုနီးရှား (Indonesia)

အာရှတိုက်အရှေ့တောင်ပိုင်းမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကိုတော့ ဗီဇာမလိုဘဲ သွားနိုင်ပါတယ်။  မြန်မာနိုင်ငံသားတွေအနေနဲ့ (၃ဝ) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၇) လာအို (Laos)

မြန်မာနိုင်ငံသားတွေဟာ လာအိုနိုင်ငံကိုတော့ ဗီဇာမလိုဘဲ သွားနိုင်ပါတယ်။  သွားရောက်လည်ပတ်ချင်ရင်တော့ (၁၄) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၈) မစ်ခရိုနေးရှားနိုင်ငံ (Micronesia)

သမုဒ္ဒရာပိုင်းဇုန်ထဲက မစ်ခရိုနေးရှားဆိုတဲ့ ကျွန်းနိုင်ငံကိုတော့ ဗီဇာမလိုဘဲ သွားနိုင်ပါတယ်။ လည်ပတ်ချင်တဲ့ မြန်မာနိုင်ငံသားတွေဟာ (၃ဝ) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၉) ဖိလစ်ပိုင် (Philippines)

အာရှတိုက်အရှေ့တောင်ပိုင်းမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံကိုတော့ တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်ပါတယ်။ လည်ပတ်ချင်ရင်တော့ (၃ဝ) ရက်အထိ နေခွင့်ရှိပါတယ်။

(၁ဝ) စိန့်ဗင်းဆင့် နှင့် ဂရီနက်ဒိုင်း (Saint Vincent and the Grenadines)

ကာရေဘီယံပင်လယ်ထဲက စိန့်ဗင်းဆင့် နှင့် ဂရီနက်ဒိုင်းဆိုတဲ့ ကျွန်းနိုင်ငံလေးကို သွားချင်ရင်တော့ ဗီဇာမလိုပါဘူး။ အပန်းဖြေချင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ရက် (၃ဝ) အထိ နေခွင့်ရှိပါတယ်။

(၁၁) စင်္ကာပူ (Singapore)

အာရှကျားလို့ တင်စားကြတဲ့ စင်္ကာပူနိုင်ငံကိုတော့ ဗီဇာမပါဘဲ သွားလို့ရပါတယ်။ လည်ပတ်ချင်တဲ့ မြန်မာနိုင်ငံသားတွေက ရက် (၃ဝ) အထိနေလို့ရပါတယ်။

(၁၂) ထိုင်း (Thailand)

အိမ်နီးချင်းထိုင်းနိုင်ငံကိုတော့ ဗီဇာမပါဘဲ သွားလို့ရပေမယ့် (၁၄) ရက်သာ နေခွင့်ရှိပါတယ်။

(၁၃) ဗီယက်နမ် (Vietnam)

အာရှတိုက်အရှေ့တောင်ပိုင်းမှာရှိတဲ့ ဗီယက်နမ်နိုင်ငံကိုတော့ နိုင်ငံကူးလက်မှတ်ရှိရုံနဲ့ သွားလို့ရပါတယ်။ သွားရောက်လည်ပတ်ချင်ရင်တော့ (၁၄) ရက်အထိ နေခွင့်ရှိတယ်လို့ သိရပါတယ်။

(၁၄) ဆေးရှဲလ် (Seychelles)

အရှေ့အာဖရိကတိုက်မှာရှိတဲ့ ဆေးရှဲလ်ဆိုတဲ့ ကျွန်းနိုင်ငံလေးဟာ မြန်မာနိုင်ငံတင်မကဘဲ နိုင်ငံတိုင်းကို ဗီဇာကင်းလွတ်ခွင့်ပေးထားပါတယ်။ အချက်အလက်အစုံအလင်တင်ပြနိုင်ရုံနဲ့ (၉ဝ) ရက်အထိ နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of Southeast Asian Nations – ASEAN) ဝင်ဖြစ်တာကြောင့် မလေးရှား (Malaysia) ကလွဲရင် တခြားနိုင်ငံတွေကို ဗီဇာမလိုဘဲ ဝင်ထွက်နိုင်ပါတယ်။ ပြီးတော့ အာဖရိကတိုက်နဲ့ တခြားကျွန်းနိုင်ငံငယ်တွေကိုလည်း ဝင်ထွက်ခွင့်ရှိသေးတယ်လို့ တင်ပြလိုက်ရပါတယ်။  ဗဟုသုတဖြစ်သွားရအောင်လို့ မသိသေးတဲ့သူငယ်ချင်းတွေကိုလည်း လက်တို့ပြောလိုက်ပါဦး။